ကြားသိပါစေလေ
တောင့်တောင့်တတရှိနေတဲ.သူတယောက်ကို
ဖျောင်းဖျောင်းဖျဖျမပြောပြတတ်တဲ.အခါ
ကမောက်ကမကနေ ကတောက်ကစဖြစ်ကြသတဲ.
မင်းရဲ.မလောက်မငဲ.စကားတွေကို
တယောက်တစကြားစေမဲ.အစား
ပေါက်ကရမဖြစ်ဖို.
မဆောက်မရတဲ.ဒီဘ၀ထဲ
မင်းရဲ.ချစ်တဲ.သူကြားပါစေလော.
တက္ကသိုလ်ဒီမို
မတားကောင်းသီး
အချစ်ငတ်တဲ.သူရဲ.ရောဂါကို
မချစ်တတ်တဲ.သူကကုပေးမယ်ဆိုတော.
ဒီအချစ်ဖျား ကျနိုင်ပါဦးတော.မလား
အချစ်ဆိုတာပင်လယ်ရေလား
နတ်ဘုံနန်းကစမ်းရေလေလားဆိုတာ မသိတဲ.ငါ
မြည်းစမ်းကြည့်ချင်မိတာ မလွန်ဘူးထင်ပါရဲ.
ရှေ.ကလူတွေသွားတယ်နောက်ပြန်လှည့်ကာတားတယ်
ဒီအသီးကိုစားဖို.မာနတ်ကမင်းကိုအကြိမ်ကြိမ်ဖြားရောင်းလိမ်.မယ်တဲ.
ဘယ်လိုပဲဖြစ်ပင် ဖြစ်စေပါလေ
ငါလည်းနောက်လှည့်ပြန်ငေး တားကြည့်ချင်မိသေးရဲ.
တက္ကသိုလ်ဒီမို
အိမ်ပြန်လမ်း
ငါ့ရဲ.အိမ်ပြန်လမ်းဟာအေးမြလှ
မိုးစက်နှင်းမှူန်တွေပါတဲ့လေပြေညင်း
ငါ့ကိုခြံရံခေါ်ဆောင်လာခဲ့
ဝါဖန်.မြေခအသေလှတဲ့ ငုဝါပင်တန်းအောက်အရောက်
ထုံသင်းတဲ့ရနံ.မင်းက ရီဝေေ၀ဖြစ်နေတဲ့စိတ်ကို
မြူးတူးခုန်ဆွဆော့ကစားစေခဲ့
ခြေလှမ်းတိုင်းဟာအားအင်တွေနဲ.ပြည့်လို.
ရင်ခုန်သံစည်းချက်ကိုအမှီနင်းရင်းလှမ်း
ဒီသဘာဝအလှအပကြီးထဲ ခြေလှမ်းစုံကိုရပ်တန်.လိုက်တဲ့အခါ
ငါ့အိမ်ရှေ.ကိုပြန်ရောက်ပြီဆိုတာတွေးမိတိုင်း
ပင့်သက်တို.ကိုပိုလို.ရှိုက်ရူမိ
အဖြစ်အပျက်ဆိုးတို.မေ့
အချစ်သက်တိုးလို.ရွေ.ကာ
အိမ်သူသက်ထားမျက်နှာလွှာမြင်စေ
ငါအခု အိမ်ပြန်လာပြီလေ……။ ။
တက္ကသိုလ်ဒီမို
ပျောက်
ထင်မြင်ရာသိုင်းဝိုင်းချဲ.ထွင်
ပဲ.မပြင်တဲ.လှေခတ်သမား
မှုံပြာရီမိုးသားအောက်မှာ
ကမ်းပျောက်သတဲ့လား
တက္ကသိုလ်ဒီမို
မင်းနဲ.ပဲဆိုင်တယ်
ဘယ်ဘက်ရင်အုံခြမ်းက စည်းဝါးရိုက်နေတဲ့
အရာတစ်ခုကို ဘာလို.သံစဉ်အပြတ်ခံချင်ရတာလဲ
သူဟာသူနေပါစေလေ ဒုက္ခမပေးချင်စမ်းပါနဲ.
တည်ငြိမ်အေးချမ်းနေတဲ့အရာတစ်ခုကို
လှုပ်နိုးအရုပ်ဆိုးခံချင်ရင်တော့
နောက်ဆက်တွဲအကျိုးသယ်ပိုးဖို.သာပြင်ပေတော့
တက္ကသိုလ်ဒီမို
လေအေးတိုးတိုင်းနှလုံးသားကနာကျင်တယ်
မလည်သော နား
ငါဒေါသထွက်တော့ မင်းစိတ်ညစ်သတဲ့လား
မင်းလုပ်ရပ်ကိုပြန်ကြည့်ဦး
ငါအသံမာတော့ မင်းမျက်ရည်ဝဲတယ်
မင်းစကားတွေကိုပြန်ဆန်းစစ်ကြည့်ဦး
ငါအနားမရှိနိုင်အောင် နည်းမျိုးစုံသုံးမနေနဲ.
ငါထွက်သွားပေးလိုက်မယ်
ရင်ဘတ်ကြီးချပေးမိတာငါ့အမှား
မင်းနင်းလျှောက်ဝမှပစ်ချထားခဲ့ပေမယ့်
မင်းရဲ.ညစ်ညမ်းခြေရာတွေဆေးကြောလို.မရနိုင်ခဲ့ဘူး
အနာမကျက်တဲ့ဒဏ်နဲ. ငါရှေ.ဆက်ခံဖို. မင်းမျှော်လင့်မနေနဲ
မင်းဖယောင်းခင်းလမ်းမှာဆက်လျှောက်လို.သွားလှည့်ပါလေ
တခါကငါ့ရဲ.ဘာမှန်းမသိတဲ. ကဝေမေ…….။ ။
တက္ကသိုလ်ဒီမို